Ads 468x60px

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

12 March 2012

သူမနှင့် ကျွန်တော်




ဝေးသွားတဲ့အခါ သတိရပါ...
သတိရတဲ့အခါ တမ်းတပါ...
တမ်းတတဲ့အခါ လွမ်းဆွတ်လာမည်..
လွမ်းဆွတ်တဲ့အခါ ငေးကြည့်ပါ
ငေးကြည့်တဲ့အခါ မြင်ယောင်ပါလိမ့်မည်.......

မြင်ယောင်လာတဲ့အခါ လွမ်းဆွတ်လာမည်..
လွမ်းဆွတ်လာတဲ့အခါ တမ်းတမိလိမ့်မည်....
တမ်းတမိတဲ့အခါ သတိရမိလိမ့်မည်.....
သတိရမိတဲ့အခါ ဝေးသွားခဲ့ပြီ....

နှစ်တွေ ဘယ်လိုပင်ပြောင်းပြောင်း
အဟောင်းတွေ ဘယ်လိုပင်သစ်သစ်

သူမသည် သူမဖြစ်သွားခဲ့ပြီး
ကျွန်တော်သည် ကျွန်တော် ဖြစ်လာခဲ့သည်..

သူမနှင့်ကျွန်တော်သည်
"သူမနှင့်ကျွန်တော်" ဟု ဖြစ်မလာခဲ့ပါ...