Ads 468x60px

8 March 2012

ကကြီး ခခွေး ပညာရေးမှ...



ဟိုတလောက စိုင်းစိုင်းသူငယ်ချင်းတစ်ယောက် သူ့ကျောင်းမှာ recommendation သွားတောင်းတယ်။ ဂျီတီစီ ကျောင်းပါ။ ဘယ်ကျောင်းလဲဆိုတာတော့ မပြောတော့ဘူး။ အဲ့ဒီမှာ recommendation က ဘာလုပ်ဖို့လဲလို့မေးတော့ စိုင်းစိုင်း သူငယ်ချင်းက AIT  စကောလာရှစ်လျှောက်ဖို့လာတောင်းတာပါလို့ဖြေလိုက်တယ်။

( ဟိုတလောက နော်ဝေ အစိုးရ ကနေ မြန်မာပြည်က ကျောင်းသားတွေကို မဟာတန်းအတွက် စကောလာရှစ်ပေးမယ်ဆိုပြီး ကြေငြာခဲ့တယ်လေ။ တစ်နှစ် ကို အယောက်လေးဆယ် သုံးနှစ်ဆက်တိုက်ခေါ်မယ်တဲ့၊ ကြေငြာချက် ထုတ်ထားတာ တစ်လလောက်တော့ ရှိနေပြီ။ ဒါပေမယ့် ခုထိ ဘာမှ မထူးသေးဘူး ဘယ်နေ့မှာ လျှောက်လွှာ လက်ခံမယ်၊ ဘယ်အချိန်ဖောင်ပိတ်မယ် စတဲ့ အချက်တွေ မထုတ်သေးဘူး )

အဲ့ဒီမှာ မော်ကွန်းထိန်းက သားက အဲ့ဒီစကောလားရှစ်ကို လျှောက်ကြည့်တာလား၊ ရမှဖြစ်မှာလားလို့မေးတယ်တဲ့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဒီလိုမေးခွန်းကို မေးတာ ဘာအကြောင်းကြောင့်လဲ။ စဉ်းစားလို့မရဘူး။ 

စကောလားရှစ် ကို မလိုချင်ဘဲနဲ့ အပျော်သဘောလိုက်လျှောက်နေတဲ့သူတွေ ရှိနေသလား တွေးမိတယ်။ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီ recommendation တောင်းဖို့အတွက် အလုပ်ကနေတောင် ခွင့်ယူပြီးသွားခဲ့ရတာ။ အလုပ်ပျက်ခံ အချိန်ကုန်ခံပြီး လာယူတဲ့လူကို အဲ့ဒီမေးခွန်းမေးလိုက်တာဟာ သာမန်သဘောပဲ ဖြစ်မှာပါလို့ ဖြေတွေး တွေးလိုက်ပါတယ်။



အဲ့ဒီမှာ သတင်းတစ်ခုသူကြားလာခဲ့တယ်။ AIT က ဒီမှာ အေးဂျင့်ရှိတယ်လို့ကြားတယ်ပေါ့ဗျာ။ အဲ့ဒီမှာ ကျွန်တော် နည်းနည်း စိုးရိမ်သွားတယ်။ အေးဂျင့်ဆိုရင် ကြောက်ရတယ်လေ။ တော်ကြာ သူတို့နဲ့ နီးစပ်ရာ သူတို့အမျိုးတွေကိုပဲ လက်သိပ်ထိုးပြီး ထည့်သွားရင် ဘယ်လိုလုပ်မလဲ။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးနော်။ ဒါသည် မြန်မာပြည်လေ..။ ကိုယ်နဲ့ ကိုယ့်အမျိုးတွေကိုပဲ ဦးစားပေးချင်တဲ့ လူတွေက ခပ်များများလေ။ ကြောက်ရပါတယ်။ 

အဲ့ဒါနဲ့ ဆက်စပ်ပြီး ပြောချင်တာလေးလဲ ရှိပါသေးတယ်။ အစိုးရဌာနတွေက လွှတ်တဲ့ ပညာတော်သင်ကိစ္စပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ အစိုးရဌာနတွေရဲ့ ပညာတော်သင် အစီအစဉ်က အရမ်းဆိုးဝါးလွန်းတဲ့အကြောင်းပေါ့။ စိုင်းစိုင်းရဲ့ မိတ်ဆွေလို့ပဲ ဆိုကြပါစို့။ သူက နိုင်ငံခြားမှာ မဟာတန်းအတွက် ပညာတော်သင် နှစ်နှစ်သွားရတယ်။ သင်ရိုးက နှစ်နှစ်ဆိုပေမယ့် ကျမ်းပြုစုတာတွေ ရှိလာတဲ့အခါမှာ နှစ်နှစ်အတွင်းမှာ အကုန်လုံးပြည့်ပြည့်စုံစုံ မပြီးသေးဘူးဖြစ်နေတယ်။ အဲ့ဒီအခါမှာ စိုင်းစိုင်းမိတ်ဆွေကို သူ့ပါမောက္ခက အချိန်ထပ်တိုးပေးတယ်။ ကျမ်းပြုစုပြီးမှ ပြန်ပါပေါ့။ 

သို့သော်လည်း အဲ့ဒီအချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေပြီး ပညာသင်နှစ် နှစ်နှစ် ပြည့်ပြီ ဖြစ်တဲ့အတွက် အမိနိုင်ငံသို့ ပြန်လာရန်နှင့် ပြန်မလာပါက တည်ဆဲ ဥပဒေများအရ အရေးယူမည် ဘာညာဆိုပြီးတော့ စာရောက်လာတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ ဟိုဘက်က ပညာပေးတဲ့သူကတောင် ကြည်ကြည်ဖြူဖြူနဲ့ အချိန်ထပ်ဆောင်းပေးနေတဲ့အချိန်မှာ ဘာလို့ ပြန်ခေါ်ရတာလဲ။ တကယ်ဆို အစိုးရက လွှတ်တဲ့ ပညာတော်သင်ဆိုပေမယ့် အစိုးရက နေထိုင်စားသောက်စရိတ် ပညာသင်စရိတ် တစ်ပြားတစ်ချပ်မှ ကုန်ကျရခြင်းမရှိပါဘူး။ ပညာတော်သင်ဆုကိုပေးတဲ့ နိုင်ငံက အားလုံး အကုန်အကျခံ ထားတာပဲ။ ဘာဖြစ်လို့ ပြန်ခေါ်ရတာလဲ။ နားမလည်နိုင်ပါဘူး။ သူတို့ အဲ့ဒီလို လုပ်တဲ့အခါကျတော့ ပညာတော်သင်ကား သွားရပါ၏ ဘွဲ့ကားရမလာခဲ့ဖြစ်သွားမှာပါ။ စာတမ်းပြုစုခြင်း မပြီးဆုံးဘူးဆိုရင် သက်ဆိုင်ရာ တက္ကသိုလ်ကလဲ ဘွဲ့လက်မှတ် ထုတ်မပေးဘူးလေ။ ဒါဆို ဘာထူးတော့မှာလဲ။ ပညာတော်သင်သွားခဲ့တာတွေက ဘွဲ့ရမလာရင် ဘာမှ မထူးတော့ဘူးလေ။

ကြားဖူးတာတစ်ခုတော့ ရှိတယ်။ ဝန်ကြီးဌာနတွေက ပညာတော်သင်ကို အလှည့်ကျသွားတယ်တဲ့။ ဆိုလိုတာက စကောလားရှစ်ကို နှစ်စဉ်သွားနေရတာတော့ မှန်တယ်။ သို့သော် လူဦးရေ ကန့်သတ်ချက် ရှိတယ်လို့ ဆိုတယ်။ ဆယ်ယောက်ပဲ သွားရမယ်ဆိုပါစို့။ အဲ့ဒီဆယ်ယောက်ပြန်မလာသေးရင် နောက် ဆယ်ယောက်က သွားလို့မရဘူးတဲ့။ အဲ့ဒီအခါကျတော့ မသွားသေးတဲ့သူတွေက သွားချင်ဇောနဲ့ နောက်ကနေ ဖိအားသုံးပြီး ပြန်ခေါ်ခိုင်းတာမျိုး ဖြစ်နိုင်မလားလို့ တွေးမိတယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဆိုင်ရာ ပိုင်ရာတွေကို ကပ်လိုက်တယ်ဆိုရင် ဘယ်ကိစ္စမဆို ဖြစ်လာဖို့က လွယ်လွယ်လေးပါနော့။ 

စိုင်းစိုင်းမိတ်ဆွေပြောပြတဲ့အတိုင်း ပြန်ပြောရရင် ဗီယက်နမ်က ပညာတော်သင်လာတဲ့ ကျောင်းသားတွေတော့ ပညာသင်နှစ်ပြီးတဲ့အထိ ကျောင်းတက်ခွင့်ရတယ်။ သူတို့ကျောင်းတက်နေစဉ်အတောအတွင်းမှာ သူတို့ရဲ့ လစာကိုလဲ အပြည့်အဝ ခံစားခွင့်ပေးတယ်။ ပြန်သွားခဲ့ရင်လဲ သူတို့အတွက် ရာထူးနေရာက အဆင်သင့်တဲ့။ 
ဗီယက်နမ်ကနေ ကျောင်းလာတက်တဲ့ ကျောင်းသားတွေနဲ့ မြန်မာပြည်က ကျောင်းသွားတက်တဲ့သူတွေက အခြေအနေက တခြားစီပဲနော်။ အဲ့ဒီအတွက်ကြောင့်ပဲလားမသိဘူး ဗီယက်နမ်ကကျောင်းသားတွေက ကျောင်းပြီးတာနဲ့ သူတို့ နိုင်ငံကိုပဲ ပြန်ကြတယ်တဲ့ တချို့ မြန်မာပြည်ကသူတွေကတော့ ပြန်မလာကြဘဲ ပိုကောင်းတဲ့ နိုင်ငံတွေမှာပဲ သွားနေကြတော့တယ်လေ။ 

သူတို့တတွေ ပြန်မလာချင်တာကိုလဲ အပြစ်တော့ ပြောလို့မရဘူး။ မြန်မာပြည်မှာက ပညာတတ်တွေကို အဲ့လောက်မှ အရေးမပေးကြတာပဲ။ Know Who is more important than Know How ဆိုတော့ ပညာတတ်သည့်တိုင် နေရာမရနိုင်သေးဘူး။ တစ်ယောက်ယောက်ကို သိထားမှ။ ဒါမှမဟုတ်ရင် သူတို့ အလိုလိုက် အကြိုက်ဆောင်နိုင်မှ။ ရှင်းရှင်းပြောရရင်တော့ ဖားနိုင်မှပေါ့။ အဲ့ဒီအခါကျရင် ပညာတတ်ထားလဲ အလကားပဲ ဘာမှ မထူးတော့ဘူးလေ။ ဟုတ်ပါတယ် အဘ မှန်ပါတယ် အဘ လုပ်လိုက်ပါ့မယ် အဘ။ ပစ်လိုက်တော့ တတ်ထားတဲ့ ပညာတွေ

အဲ့ဒီလို ပညာတတ်တွေကို ပစ်ပယ်ထားလို့ပဲ မြစ်ဆုံကြီးကို ရောင်းစားဖို့ ကြံကြတယ်။ အသုံးမဝင်တဲ့ စီမံကိန်းတွေ အများကြီး လုပ်ကြရတယ်။ ဒီစီမံကိန်းကြောင့် ဘာတွေ ထိခိုက်နိုင်တယ် ဘာတွေတော့ ရနိုင်တယ်ဆိုတဲ့ လေ့လာသုံးသပ်မှုမျိုးတွေ သေသေချာချာ မလုပ်ကြတော့ဘူး။ စီမံကိန်းကြီး အပြီးမှာလဲ အဲ့ဒီဒေသအပေါ်မှာ ဘာတွေဘယ်လို ဖြစ်သွားတယ်ဆိုတဲ့ စောင့်ကြည့်မှုမျိုးတွေ မလုပ်ကြတော့ဘူး။ စီမံကိန်းတွေတော့ ပြီးပါရဲ့ ဘာမှလဲ ထူးမလာပါဘူးဆိုတဲ့ စီမံကိန်းမျိုးတွေ အများကြီး။ 

။ ဒီကြားထဲ ဆရာဝန်တွေက တစ်နှစ်ကို ထောင်ချီထွက်ပါတယ် အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူးဆိုပြီး ပြောတဲ့ သူတွေက ရှိသေးတယ်။ (အဲ့ဒီအနုပညာရှင်တွေအကြောင်းကိုလဲ နောင်များမှာ ရေးပါဦးမယ်)  မင်းတို့တွေက ဘယ်နိုင်ငံက ဘွဲ့တွေမို့လို့ xxx လာကျယ်နေရတာလဲဆိုတဲ့ သူတွေကလဲရှိသေးတယ်။ (ဟိုတလောက ရတနာပုံ ဝက်ဘ်ပေါ်တယ်က ဝန်ထမ်းတွေကို ပြောတဲ့စကား )။ 

 မြန်မာပြည်ရဲ့ ပညာသင်ကြားရေးစနစ် ဘယ်လောက် မကောင်းပါဘူးလို့ပဲဆိုဆို ရွေးစရာမှ မရှိတာ ဒီမှာပဲ တက်ရမှာပေါ့။ ပညာရေးစနစ်ကြီးကို အခုလိုဖြစ်အောင် ဖျက်ဆီးပစ်တာ ဘယ်သူတွေလဲလို့ မေးလာရင်တော့… …

8 comments:

mstint said...

'ပညာရဲရင့်ပွဲလယ်တင့်'ဆိုတဲ့ ဆိုရိုးစကားက မြန်မာပြည်အတွက်
မဟုတ်တော့သလို ဖြစ်နေပြီ စိုင်းစိုင်းရေး)
သွားလမ်းသာလို့ ပြန်လမ်းဖြောင့်ပါစေကွယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဟုတ်တယ် စိုင်းစိုင်းရေ.. အမှန်ပဲ..
ကန်ဒီ ဒီစင်္ကာပူမှာ ကျောင်းတက်ဖို့ကျောင်းရွေးတုန်းက ကန်ဒီ့ဘွဲ့နဲ့ကိုက်တာ ၂ကျောင်းရှိတယ်။
တခုက အစိုးရကျောင်း။ နောက်တခုက ပုဂ္ဂလိကကျောင်း။ အစိုးရကျောင်းမှာ တက်ချင်တာ။ ဒါပေမယ့် သူက အမှတ်စာရင်းပြရမယ်တဲ့။ ရန်ကုန်က တက္ကသိုလ်က အဲ့အချိန်တုန်းက အမှတ်စာရင်း မထုတ်ပေးဘူး။ ခုတော့ ၄သိန်းပေးရင် ထုတ်ပေးတယ် ဆိုလားပဲ။ အဲ့ဒါနဲ့ ပုဂ္ဂလိက ကျောင်းပဲ တက်လိုက်ရတယ်။ ဘာကွာသွားလဲဆိုတော့ ဟိုကျောင်းတက်ခွင့်ရရင် ကန်ဒီက ဒီမှာ Pharmacist လက်မှတ်ရမှာလေ။ ခုတော့ Pharmacist မဖြစ်တော့ဘူးပေါ့။

ဟိုမော်ဒယ်ပြောတာလည်း ကြားလိုက်တယ်။ အံ့သြလို့ကို မဆုံးဘူး >.<

မဒမ်ကိုး said...

ဟုတ်ကဲ့ ကိုစိုင်းစိုင်းး)) ကျမကတော့လေ မဟာသုတေသန PART 1 (ဘိုင်အိုတက်) နဲ့ ဘာလုပ်ရမှန်းမသိတော့ပါဘူး ဒါကြောင့်မို့လို့ကြုံရာကျဘန်းရီဇတ်ချာကြီးပါရှန်း)))))

မိုးသက် said...

ဆိုးပါ့ဗျာ.. ကိုစိုင်းရာ.. ကိုယ့်ကိုယ်ကို တောင်အားငယ်သွားတယ်. ကျွန်တော်ကတော့ အစ်ကိုနဲ့
နည်းနည်းကွဲမယ်ထင်တယ်.။ (ကွဲမှာပေါ့.. လူမှ မတူတာ...:D)ကျွန်တော်လည်းနောက်မှ ရေးပါဦး
မယ်အဲဒီအကြောင်းတွေ..။

sonata-cantata said...

FWD mail က ကူးလာပါတယ်။

Subject: Scholarship Info - AIT in Thailand

Information on Scholarship in Thailand.



This is the info about more than 120 M.Sc scholarships for Myanmar students at AIT during 2012-2014 period

Dear All,

I am pleased to inform you about the upcoming scholarship opportunities for Myanmar
candidates supported by the Norwegian Ministry of Foreign Affairs (NMFA). Through its
Embassy in Bangkok, the Ministry expressed its intention to offer up to 120 scholarships
to qualified Myanmar candidates to study at AIT during the 2012-2014 period (40
scholarships each batch) in order to get a master?s degree. In addition, the Swedish
International Development Agency (Sida) will also offer scholarships for Myanmar
candidates through its annual scholarship program with AIT and jointly work with AIT and
NMFA in the recruitment process in Myanmar.

The proposed scholarship program aims at addressing the needs for capacity building and
human resources development, to foster the socioeconomic changes at all level in Myanmar.
Consequently, the program will target candidates from different sectors and professional
backgrounds who are committed to contributing to the development of Myanmar. Official
announcement as well as the application information is provided in the attached document.

I would highly appreciate your help in disseminating this information through your
contacts and affiliation in order to reach, as much as possible, prospective candidates
from all sectors.

Please also be informed that AIT in coordination with the Norwegian Embassy in Bangkok
will organize a press conference in Yangon, Myanmar to officially make a call for
application. Deadline for application of this scholarship program is 31 March 2012. The
press conference will be held on Friday, 9 March 2012 at the Traders Hotel in Yangon
during 2:30 ? 4:30 pm.

Yours sincerely,

Professor Said Irandoust
President
Asian Institute of Technology (AIT)
--
You received this message because you are subscribed to the Google Groups "Tai Singapore" group.
To post to this group, send email to taisingapore@googlegroups.com.
To unsubscribe from this group, send email to taisingapore+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/taisingapore?hl=en.

စံပယ်ချို said...

ဟုတ်မှန်တဲ့အကြောင်းအရာလေးတွေဖတ်ရ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်
ရေးချင်နေတာ မရေးတတ်လို့
ခင်တဲ့ jasmine

Z@! said...

တီတင့်ရေ.. ပညာရဲရင့် ပွဲလယ်တင့်နိုင်ဖို့ဆိုတာက ပညာရှိတွေနဲ့ပဲ မပြီးတော့ဘူးလေနော်..
စာပြန်နောက်ကျသွားတာ ခွင့်လွှတ်ပါနော်။

ကန်ဒီရေ.. ကွန်မန့်အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.. စာပြန်နောက်ကျသွားတာ ခွင့်လွှတ်ပါ. စိုင်းစိုင်းလဲ အခု ဘာကျောင်းတက်ရမယ်ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်.. ME ပဲတက်ရမလို MBA ပဲ ပြောင်းတက်ရမလို ဖြစ်နေတယ် အဲ့ဒါကတော့ ကိုယ့်ရွေးချယ်မှုပေါ့ ဝေခွဲမရဘူးဖြစ်နေတယ်

အမဒိုးကန်ရေ.. ကျွန်တော့်သူငယ်ချင်းတစ်ယောက်လဲ မဟာဘွဲ့အတွက် ကျမ်းပြုစုပြီးတော့ကာ အခုတော့ အန်ဂျီအိုများမှာ အလုပ် ရှာနေပါကြောင်း အဟီး

ကိုမေမြို့မိုးရေ
အားမငယ်ပါနဲ့.. ကိုယ်တစ်ယောက်ထဲကြောင့်တော့မဟုတ်ဘူး (သီချင်းမဟုတ်ဘူးနော်)ဒီလိုပါပဲ.. မတူညီတာတွေတော့ ရှိတာပေါ့ဗျာ.. ဒါပေမယ့် Fighting ကိုရီးယားကားတွေထဲကလို အော်ကြည့်တာပါ :P

Z@! said...

sonata-cantata နဲ့ အမဂျက်ရေ
အမတို့တွေရေးထားတဲ့ ကွန်မန့်က ဘယ်လိုလုပ်ပြီး spam comments ထဲရောက်သွားသလဲ မသိဘူး.. အဲ့ဒီအတွက်ကြောင့် အခုမှ စာပြန်ဖြစ်တာ တောင်းပန်ပါတယ်...
စကောလာရှစ် သတင်းအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ.. ကျွန်တော့်ဘလော့ဂ်လေးကို လာလည်တဲ့အတွက်ကြောင့်လဲ ကျေးဇူးတင်ပါတယ်ခင်ဗျ