Ads 468x60px

31 March 2012

အမှတ်တရအချိန်များ ၂

ပထမ တစ်ပိုင်းရဲ့အဆက်ပါ.. စာနည်းနည်းရေးပျင်းနေတဲ့အတွက်ကြောင့် ပုံတွေပဲ တင်ဖြစ်လိုက်ပါတယ်.. အဟီး

ဒီအတွဲက စိုင်းစိုင်းတို့သူငယ်ချင်းအတွဲ.. သူတို့တောင် မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တော့မှာ.. သူတို့နှစ်ယောက်ရယ်.. စိုင်းစိုင်းရယ် နောက် သူငယ်ချင်းတစ်ယောက်ရယ် စုစုပေါင်းလေးယောက် ဆိုင်ကယ်နှစ်စီးနဲ့ ကျောက်ဆည်ကို ဆိုင်ကယ်စီးပြီး သွားခဲ့ကြတာ.. မနက် ၈ နာရီလောက်မှာပေါ့


 
ဒါက သူငယ်ချင်းသုံးယောက် ကျောင်းရှေ့မှာ အမှတ်တရ.. ရှူးဖိနပ်နဲ့ ပုဆိုးနဲ့ဆိုတော့ သူကြီးသားစတိုင်ဖမ်းတယ် ထင်မနေနဲ့ဦးနော့ .. ကျောင်းထဲကို ပုဆိုးနဲ့ပဲ ဝင်ရမှာဆိုတော့ ဘောင်းဘီပေါ်က ပုဆိုးထပ်သွားလိုက်တာ အဲ့ဒီပုံဖြစ်သွားတယ်။

 ဒါက ရှေ့သွားနောက်လိုက် သိပ်ညီတဲ့ သူငယ်ချင်းအတွဲပေါ့.. မန္တလေးရောက်တိုင်း ဒုက္ခပေးနေကျ.. စိုင်းစိုင်းရဲ့ အနွံတာ အခံရဆုံးသူတွေပေါ့ဗျာ.. ဟီး

ကျောင်းကြီးကို အပေါ်စီးကနေ တစ်ချက် အလွမ်းပြေ ရိုက်လိုက်သေးတယ်. အော် ကျောင်းကြီး ကျောင်းကြီး


ဒါက ကျောင်းနားလေးက စားနေကျထမင်းဆိုင် တော့ပ်ကန်းထရီးမှာ ထမင်းသွားစားတော့ ဆိုင်ရှင်က ကျောင်းသားဟောင်းတွေမို့ ဖရီး မေတ္တာနဲ့ တိုက်လိုက်တဲ့ ကြံရည်.. တစ်ယောက်တစ်ခွက်.. ရှယ်ပဲ.. ဟဲဟဲ


  

ဒါက ဇော်ဂျီမြစ်ကမ်းနဘေးက ထိုင်နေကျနေရာ.. ညနေတိုင်းလိုလိုပဲ သူငယ်ချင်းတွေ စု ထိုင်ဖြစ်တဲ့နေရာ

 

ကျောင်းကိစ္စတွေ ပြီးတော့ အင်္ကျီအပြာနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ ဘုတ်အီးရဲ့ ရွာကိုသွားတယ်.. လမ်းမှာ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုဝင်တယ် (အလယ်က ကလေးချီထားတဲ့ သူငယ်ချင်း) သူက စွမ်းတယ်ဗျ.. ကိုယ်သာ ရည်းစားမရသေးတာ သူက ကလေးတောင် နှစ်ယောက်ရနေပြီ.. မိုက်တယ်ကွာ.. အားကျလိုက်ထှာ.. 



ဘုတ်အီးတို့ ရွာကို အဝင် ရွာထိပ်က ဇော်ဂျီမြစ်ကူးတံတားလေး.. ဆိုင်ကယ်နဲ့ မဖြတ်ရဆိုတော့ ဘုတ်အီးက လမ်းဆင်းလျှောက်နေတာ.. :)
 
  
ညနေရီတရော  အရွက်တွေ မရှိတော့တဲ့အပင်ကြီး. ဘာပင်လဲတော့မသိဘူး.. လက်ဆော့ထားတာ ဆိုင်ကယ်နောက်ကယ်ရီယာခုံပေါ်ထိုင်ပြီး အငြိမ်မနေနိုင်တာလေ.. ဟီး

  

 ဒါက ခနက ပြောတဲ့ မြစ်ကူးတံတားပေါ်ကနေ ညနေဆည်းဆာကို လှမ်းရိုက်ထားတာ.. ရေဆင်းဆော့ချင်ပေမယ့် လူကြီးတွေက မဆင်းနဲ့တဲ့.. နယ်စိမ်းက လာတဲ့သူတွေ စိတ်မချလို့ ပေးမဆင်းဘူး.. ကောင်းပါတယ် ဘေးကင်းတာပေါ့နော့


ဒါကလဲ အဲ့ဒီ မြစ်ကူးတံတားလေးပေါ်ကပဲ လှမ်းရိုက်ထားတာ..


 ဒါက ရွာထဲရောက်နေပြီ.. ငရုတ်ခင်းနောက်ခံထားပြီး နောက်က တောင်တန်းကြီးလဲ မြင်ရအောင် ဂိုက်ပေးကြမ်းထားတာ.. သူငယ်ချင်းက အားပေးပါတယ် .. ဂျပန်ဝန်ထောက်ရုပ်နဲ့တဲ့.. ဟီး

ည အိမ်ရောက်တော့ ရေမိုးချိုး.. စကားပြောနဲ့ ဗိုက်တောင်တော်တော်ဆာနေပြီ.. မှောင်လဲ မှောင်နေပြီ.. ထမင်းစားရအောင်ဆိုတော့ ဝမ်းသာအားရနဲ့ ထမင်းစားဖို့ ထွက်အလာ.. သူငယ်ချင်းကဖမ်းရိုက်လိုက်တာ.. ကွက်တိပဲ.. ဗိုက်ကလေးကို ပွတ်မိရက်သား.. အစားအဲ့သလို မက်တာပါ.. ဟီး



 ညစာကတော့ ရှယ်ပဲ.. ရန်ကုန်က ဟော်တယ်ကြီးတွေမှာ ကျွေးတဲ့ ညစာနဲ့တောင် မလဲနိုင်ဘူး.. ပဲနဲ့ကုလားပဲရွက်ဟင်းချိုချက်၊ နောက်  ဝက်သားချက်၊ ကြက်သားဟင်း၊  အစိမ်းကြော်၊ မျှစ်နဲ့ ချဉ်ပေါင်ကြော်၊ ငံပြာရည်ချက်နဲ့ သရက်သီးကင်း၊ ရှောက်ရွက်တို့စရာ၊ ငရုတ်သီးထောင်း.. အမယ်မင်း. ခုရေးရင်းနဲ့တောင် သွားရည်ပြန်ယိုလာပြီ.. စားလို့ကောင်းလိုက်တာနော်..  ပဲနဲ့ ကုလားပဲရွက်ဟင်းချိုက စိုင်းစိုင်းအကြိုက်ဆုံး ဖြစ်ခဲ့ပါရဲ့....

နောက်တစ်ပိုင်းမှာတော့ မနက်စာ ဘာကျွေးသလဲဆိုတာနဲ့ ဘယ်သွားခဲ့သေးသလဲဆိုတာ ထပ်ရေးပေးပါ့မယ်.... :)



4 comments:

မိုးသက် said...

အဲဒီလို ခရီးသွား မှတ်တမ်းလေးတွေကြိုက်တယ်အစ်ကို.. အဲဒီနေရာတွေ ကိုအမှတ်တရရောက်ဖူးခဲ့တော့ လွမ်းတယ်ဗျာ.။

စံပယ်ချို said...

သူငယ်ချင်းတွေကခင်ဖို့ကောင်းလိုက်တာနော်
ကြည့်ရတာ အကြွားအ၀ါ ကင်းပြီးဖြူစင်ပုံရတယ်
ခရီးသွားချင်လိုက်တာနော်အဲလိုမျိုးလေးပေါ့ ဟင်းတွေကလဲအစုံ ရေးတဲ့သူကောင်းမကောင်းတော့မသိ
ကြည့်ပြီးဗိုက်ဆာလာတယ်

Z@! said...

ကိုမေမြို့မိုးရေ.. အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော်ကတော့ ဒီတစ်ခေါက်သွားလိုက်တာ နောက်တစ်ခေါက် မသွားချင်လောက်အောင်ပဲ.. စိတ်ညစ်ရလို့..

အမဂျက်ရေ..
သူငယ်ချင်းတွေက ကျွန်တော့်အနွံတာ အမြဲခံရတယ်.. သူတို့တွေသာမရှိရင် ကျွန်တော်ကျောင်းတောင် ပြီးပါ့မလား တွေးမိတယ်.. အရမ်းကို ဖြူစင်ပြီး ရိုးသားတဲ့သူတွေပါ..

Anonymous said...

ငံပြာရည်ချက်နဲ့ သရက်သီးကင်း

အဟင့်....
ကျောက်ဆည်ကိုလွမ်းတယ်
(မြို့ကိုသာလွမ်းသည်)