Ads 468x60px

12 March 2012

သူမနှင့် ကျွန်တော်




ဝေးသွားတဲ့အခါ သတိရပါ...
သတိရတဲ့အခါ တမ်းတပါ...
တမ်းတတဲ့အခါ လွမ်းဆွတ်လာမည်..
လွမ်းဆွတ်တဲ့အခါ ငေးကြည့်ပါ
ငေးကြည့်တဲ့အခါ မြင်ယောင်ပါလိမ့်မည်.......

မြင်ယောင်လာတဲ့အခါ လွမ်းဆွတ်လာမည်..
လွမ်းဆွတ်လာတဲ့အခါ တမ်းတမိလိမ့်မည်....
တမ်းတမိတဲ့အခါ သတိရမိလိမ့်မည်.....
သတိရမိတဲ့အခါ ဝေးသွားခဲ့ပြီ....

နှစ်တွေ ဘယ်လိုပင်ပြောင်းပြောင်း
အဟောင်းတွေ ဘယ်လိုပင်သစ်သစ်

သူမသည် သူမဖြစ်သွားခဲ့ပြီး
ကျွန်တော်သည် ကျွန်တော် ဖြစ်လာခဲ့သည်..

သူမနှင့်ကျွန်တော်သည်
"သူမနှင့်ကျွန်တော်" ဟု ဖြစ်မလာခဲ့ပါ...

4 comments:

စံပယ်ချို said...

ကဗျာလေးကောင်းတယ်
ခင်မင်တဲ့ sis jasmine

mstint said...

အလွမ်းကဗျာလေးဖတ်သွားတယ် စိုင်းစိုင်းရေ။
လွမ်းမောတမ်းတမှုအပေါင်းက ကင်းဝေးပါစေလို့-
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Z@! said...

ကျေးဇူးတင်ပါတယ် အမ jasmine ရေ. ကျောင်းတုန်းက စိုင်းစိုင်းသူငယ်ချင်းရေးထားတာကို ကြိုက်လို့ ပြန်တင်လိုက်တာပါ

တီတင့်ရေ.. ကျေးဇူးတင်ပါတယ်ခင်ဗျ
လွမ်းမောတမ်းတမှုတွေ ကင်းဝေးနိုင်အောင်တော့ ကြိုးစားဆဲပါခင်ဗျ :)

Candy said...

မိုက်တယ် သူမက သူမဖြစ်မှတော့ သူမနဲ့ ကျွန်တော် ဘယ်ဖြစ်တော့မလဲနော် :(