Ads 468x60px

2 April 2012

အမှတ်တရအချိန်များ ၃

ဒါက အပိုင်းသုံးပါ..
  ခရီးတစ်ခေါက်သွားရတာ တင်လို့ မဆုံးနိုင်ဘူးဖြစ်နေတယ်လို့တော့ မပြောပါနဲ့နော့.. စိုင်းစိုင်းက အဲ့လိုပဲ အရစ်ရှည်ပါတယ်.. သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ပိုသိပါတယ်ခင်ဗျ.. ဟီး.

 

ဒါက မနက် နေထွက်အလာကို လှမ်းရိုက်ထားတာပါ... တောင်စောင်းပေါ်ကနေ ထွက်ပြူလာတဲ့ နီကျင်ကျင် နေမင်းကြီးကို အိမ်ခေါင်းရင်းက ငှက်ပျောခင်းနဲ့ တွဲပြီး မြင်ရတာ တကယ့် ကျေးလက်အရသာ.
ရန်ကုန်မှာဆိုရင် နေဘယ်အချိန်ထွက်လို့ ဘယ်အချိန်ဝင်သွားမှန်းတောင် သတိမထားမိဘူး..


မနေ့က ညစားကြည့်ပြီးတော့ သွားရည်ယိုခဲ့တယ်မဟုတ်လား.. ဟီး.. ဒါက မနက်စာပါခင်ဗျာ.. မနက်စာကလဲ ကောင်းတာပါပဲ.. ထမင်းဆီဆမ်း၊ လက်ဖက်သုပ်၊ တို့ဟူးခြောက်ကြော်၊ ကြက်ဥကြော်၊ နောက် ညောင်ချဉ်ရွက်သုပ်၊ အညာအစားအစာစစ်စစ်ဖြစ်တဲ့ ထနောင်းရွက်နုသုပ်၊ ပြီးတော့ သဘောင်္ပွင့်နဲ့ ငံပြာရည်ချက်.. မနက်စာလဲ ဗိုက်ကားအောင်စားခဲ့ရပါတယ်... နောက် လာတိုင်းလာတိုင်း ချက်ကျွေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။


မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတာ ကြားဖူးကြတယ်ဟုတ်.. မိန်းမက ပန်းကန်ဆေးတော့ ယောက်ျားက    မောင်ရေလောင်းပေးမယ်တဲ့လေ.. ကြည်နူးဖို့ကောင်းလိုက်တာနော်... ဟီး.. အားကျထှာ...
 
  

ဒါက ခေါင်းရင်းငှက်ပျောခင်းအလွန်က သင်္ဘောသီးခင်း  သင်္ဘောသီးတွေက မမှည့်သေးလို့နဲ့တူတယ်.. မစားလိုက်ရဘူး.. မှည့်နေတဲ့အလုံးများ ရှိမလားလို့ လိုက်ကြည့်ပါသေးတယ်.. တစ်ခင်းလုံးသာ ကုန်သွားတယ်.. မှည့်နေတဲ့ သင်္ဘောသီး မတွေ့ခဲ့ရဘူး..  နောက်တစ်ခါပေါ့ကွာ သင်္ဘောသီးရာ.. ထင်းခွေမကြုံ ရေခပ်ကြုံဦးမှာပါ.. ငှဲငှဲ..

 

ကွမ်းခြံထဲမလဲ အငြိမ်မနေပါဘူး.. ရိုက်ပေးမယ့်သူမလာသေးတော့ ကိုယ့်ဘာသာကိုယ် ဖမ်းရိုက်ထားတယ်. ဘယ်ရမလဲ.. နာကွ... ဟမ်းဟမ်း


ဒါက သူငယ်ချင်းက ရိုက်ပေးပါဆိုလို့ ရိုက်ပေးထားတဲ့ နှင်းဆီပန်းပုံ.. ပွင့်ဖတ်က တစ်လွှာပဲပါတော့ ထူးဆန်းလို့ ရိုက်ပေးပါတဲ့... ရိုက်လိုက်တာ စိုင်းစိုင်း ခြေထောက် ပါသွားတယ်.. ဟီး


ဒါက ရွာအဝင်က ထန်းပင်နှစ်ပင်ကြားမှာ.. ကုက္ကိုပင်အောက်က စာဥတော့ ဘယ့်နှယ်နေတယ် မသိဘူး.. ထန်းနှစ်ပင်ကြားက စိုင်းစိုင်းကတော့ အဲ့ဒီလို ကြာကြာ မရပ်နိုင်ပါဘူး.. ညောင်းတယ်ဗျ..

ဆုကဗျာရဲ့ စနက်ပ်ရှော့ကို အားကျလို့ ဓါတ်ပုံရိုက်နေတာကို ပြန်ရိုက်ခဲ့တယ်..  လျှပ်တစ်ပြက်ပဲ.. ဟဲဟဲ


 ဒါက ညက စားခဲ့တဲ့ သရက်ကင်းတွေရဲ့ အပင်ထင်ပါ့.. သူတို့ဆီမှာ သရက်သီးပေါချက်ကတော့ မှည့်ချိန် ကြွေချရင် နွားကျွေးပစ်တာပဲတဲ့.. ဟင့်.. ရန်ကုန်မှာ နေတဲ့ ကိုယ့်ကိုယ်ကိုပဲ သနားမိတော့တယ်..

 ဒါက လက်ဆောင်ပါးပေးလိုက်တဲ့ လက်ကျန် ရှောက်ချိုသီးတွေ.. စားလို့ကောင်းတယ်ဗျ.. ခု အပင်ပေါ်က ဆွတ် အခုစားဆိုတော့.. အရသာပြည့်ဝ အရည်ရွှမ်း ဆိုးဆေး တို့ဆေး လုံးဝမသုံး.. တကယ့် သဘာဝ..

အပိုင်းလေးတော့ မဆက်တော့ပါဘူး.. တမုတ်ရွှေဂူကြီးဘုရားအကြောင်းကို သတ်သတ်ရေးဖြစ်တော့မှပဲ ပုံတွေကို ထပ်တင်ပေးပါတော့မယ်.. ကျေးဇူးတင်ပါ၏..

7 comments:

မိုးသက် said...

ရွှေဂူကြီးဆိုတာ မန်းကနေ ကျောက်ဆည်မရောက်ခင်လမ်းဘယ်ဘက်ကိုဝင်သွားတဲ့ ဘုရားလားအစ်ကို..။ သွားချင်ရက်နဲ့ မရောက်ဖြစ်ခဲ့ဘူးဗျာ..။

လွင်ပြင်လှိုင်းငယ် said...

မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ ရှု့ခင်းမျိုးမြင်ခွင့်ရလို့ ကျေးဇူးပါ။ စကားမစပ် အပေါ်ဆုံးကပုံလေး ရိုက်ချက်တော်တော်ကောင်းတယ်
အလင်းအမှောင်ကအစ တကယ့်ပညာရှင်ရိုက်ချက်ပဲ

Z@! said...

ကိုမေမြို့မိုးရေ..
တမုတ်ရွှေဂူကြီးဘုရားက ကျောက်ဆည်နဲ့ တံတားဦးကားလမ်းဘေးက ရွာလေးမှာတစ်ရွာမှာ ရှိတာပါ. ဆပ်သွားဘုရားနဲ့လဲ သိပ်မဝေးပါဘူး.. အဲ့ဒီအကြောင်းတွေကို သပ်သပ်ရေးပါဦးမယ်. အားပေးပါဦးခင်ဗျ

ကိုလွင်ပြင်ရေ..
လာအားပေးတဲ့အတွက် ကျေး၊ဇူးတင်ပါတယ်ခင်ဗျ.. ဓါတ်ပုံတွေ ကောင်းတယ်ဆိုတာက မူရင်းရှုခင်းကိုက ကောင်းနေလို့ပါ. ကျွန်တော်က ဓါတ်ပုံကို ဖြစ်ဖြစ်မြောက်မြောက်မရိုက်တတ်ပါဘူး.. :)

နွေလ said...

ခရီးသွားစာပေတွေ ရေးတဲ့သူတွေနဲ့မှပဲ
ကျွန်တော်လည်း ခရီးမသွားဘဲ
ခရီးမျိုးစုံရောက်ဖူးတော့မယ်
( အဟိ တွက်ခြေကိုက်လိုက်တာ )
ဆက်ရေးပါ . . .
I'm ready to read your post !

Candy said...

ပုံတွေကြည့်ရတာ မိုက်တယ်...
အဲ့နှင်းဆီက ကန်ဒီရေးဖူးတဲ့ Rose hip oil ထုတ်တဲ့နှင်းဆီနဲ့ အရမ်းတူတာပဲ.. ဒါဆို မြန်မာပြည်မှာလည်း ပေါက်တာပေါ့နော်.. လှတယ်..

ကျေးလက်သဘာဝလေး မြင်ရတာ သဘောအရမ်းကျတယ်

Z@! said...

ကိုနွေလရေ..
ကျေးဇူးတင်ပါတယ်ခင်ဗျ.. ဒီလထဲ ခရီးသွားတာတွေ ဆက်သွားတဲ့အတွက်ကြောင့် ခရီးသွားပို့စ်လေးတွေ များပါဦးမယ်.. မိုးကုတ်သွားတဲ့အကြောင်းလဲ ရေးဖို့ ရှိပါတယ်ခင်ဗျ.. လာအားပေးပါဦး။

ကန်ဒီရေ..
ပုံတွေကြည့်ရတာ သဘောကျတယ်ဆိုတော့ တင်ရကျိုးနပ်တာပေါ့ဗျာ.. အဲ့ဒီနှင်းဆီက မြန်မာပြည်မှာ ပေါက်တယ်ဆိုပေမယ့် ပေါတော့ မပေါဘူးဗျ.. သူ့အသုံးဝင်ပုံကို မသိကြတာလဲ ပါမှာပေါ့.. နောက် ရောင်းတမ်းမဝင်လို့လဲ ဖြစ်မှာပါ. မိုးကုတ်သွားတဲ့ ပို့စ်လေးတွေ တင်တဲ့အခါကျရင်လဲ အားပေးပါဦး။

စာကြွေးတွေကတော့ အရမ်းများနေပြီ.. သည်းခံပြီး စောင့်ပေးပါနော့

ခင်တဲ့ စိုင်းစိုင်း

စံပယ်ချို said...

အဲဒီရှုခင်းတွေနဲ့အလှမ်းဝေးခဲ့ရတာ
ကြာခဲ့ပြီပေါ့
ပုံလေးတွေကြည့်ပြီးရှမ်းပြည်ကိုလွမ်းတယ်