Ads 468x60px

5 April 2012

ယနေ့မှစ နှစ်တစ်ရာတိုင်အောင်....

•    ယခုမှစ၍ သင်တို့သည် မိုးရွာလျှင်လည်း စွတ်စိုမည် မဟုတ်တော့၊ တစ်ဦးသည် တစ်ဦးအတွက် အကွယ်အကာ ဖြစ်ခဲ့ပြီ။
•    ဆောင်း အအေးဒဏ်ကိုလည်း သင်တို့ ခံရမည် မဟုတ်တော့၊ တစ်ဦးသည် တစ်ဦးအတွက် နွေးထွေးမှု ဖြစ်ခဲ့ပြီ။
•    အထီးကျန်မှု  ဟူသည်လည်း သင်တို့အတွက်မဟုတ်တော့၊ တစ်ဦးသည် တစ်ဦးအတွက် အဖော်မွန်ဖြစ်ခဲ့ပြီ။
•    ယခုမှစ၍ သင်တို့သည် ကိုယ်နှစ်ခုဖြစ်သော်လည်း ဘဝခရီးတစ်ခုတည်း ဖြစ်ခဲ့ပြီ။
•    သင်တို့နေစရာ အိမ်ဂေဟာသို့ လျှောက်လှမ်းကြလော့။ အတူတကွ ဘဝနေ့ရက်များ အစပြုကြလော့။
•    သင်တို့သည် ဤမြေကမ္ဘာ၌ အဓွန့်ရှည်ကြာ နေရပါစေသတည်း။ သင်တို့၏နေ့ရက်များသည် အေးချမ်းသာယာ ရှိပါစေသတည်း။

 

စိုင်းစိုင်းမန္တလေးသွားတုန်းက လိုက်ပို့တဲ့ အတွဲကို မှတ်မိကြမယ်ထင်ပါတယ်.. နှစ်ယောက်လုံး ဝဝတုတ်တုတ်တွေလေ.. ဟီး.. ဒီနေ့ သူတို့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်ပါ.. သူငယ်ချင်းတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်အမှတ်တရ မင်္ဂလာဆောင်စဉ်တုန်းက ရေးထားတဲ့ ဖေ့ဘွတ်က နုတ်စ်လေးကို
ပြန်တင်ပေးလိုက်ပါတယ်..

မင်္ဂလာသက်တမ်း တစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် တစ်ယောက်ကို တစ်ယောက် နားလည် ဖေးမပြီး သားသမီးများစွာနဲ့ ဘဝခရီးကို လှပစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..



 ဒီပုံလေးကို အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ် သူငယ်ချင်းတို့ရေ.. ဒီပုံလေးကို ရိုက်တုန်းက ဖေဖော်ဝါရီ ၂၀၁၁ ဆိုတော့ မင်းတို့ မင်္ဂလာမဆောင်ရသေးဘူးနော်.. အဲ့ဒီခရီးဖြစ်လာအောင် အစပြုခဲ့တာက ငါ ဖြစ်နေတော့ မင်းတို့ မြန်မြန်ရအောင်များ ငါ လှော်ပေးလိုက်သလို ဖြစ်သွားမလား မသိဘူးနော်.. အဟီး

မင်းတို့ ပြောထားတဲ့ စကားတွေလဲ မမေ့နဲ့နော်.. ငါနဲ့ ဖိုးပြည့်က အိမ်ထောင်မပြုဘူးလို့ ဆုံးဖြတ်ထားတော့ မင်းတို့ ကလေးတွေကို ထိန်းပေးရမှာပေါ့.. ဒါပေမယ့် မင်းတို့ ရွာဦးကျောင်းမှာ ငါတို့အတွက် နေရာ ချန်ထားပေးဖို့လဲ မမေ့နဲ့ဦး..  ဆွမ်းကွမ်းကိစ္စကတော့ မင်းတို့ တာဝန်ပေါ့နော့.. ကလေးတို့ တတ်အပ်တဲ့ ပညာရပ်တွေကို ငါတို့တွေက ဆရာစားမချန်ဘဲ သင်ပေးမှာပါ..မင်းတို့ သားသမီးတွေကလဲ ငါတို့ရဲ့ သားသမီးလေးတွေပဲပေါ့.. စိတ်ချတယ်ဟုတ်..

ကဲ စာလဲ နည်းနည်းရှည်သွားပြီထင်တယ်..
မင်္ဂလာသက်တမ်း တစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် တစ်ယောက်ကို တစ်ယောက် နားလည် ဖေးမပြီး သားသမီးများစွာနဲ့ ဘဝခရီးကို လှပစွာ လျှောက်လှမ်းနိုင်ပါစေကြောင်း နောက်ထပ် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..

5 comments:

လွင်ပြင်လှိုင်းငယ် said...

နှစ်တစ်ရာတိုင် ပေါင်းဖက်နိုင်ကြပါစေ

မိုးသက် said...

ယနေ့မှ+၁၀၀ တိုင်ပါစေ.ဗျာ..။

နွေလ said...

ယနေ့မှစ အနှစ်တစ်ရာတိုင်ကွယ်
( ဒီတစ်ကြောင်းပဲ ရတယ် )
တစ်နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်
မင်္ဂလာသီချင်းဆိုပေးသွားတယ် :P

Z@! said...

ကိုလွင်ပြင်နဲ့ ကိုမိုးသက်တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျ
အကိုတို့လဲ ချစ်တဲ့သူတွေနဲ့ နှစ်တစ်ရာတိုင်ပေါင်းဖက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..

မင်္ဂလာသီချင်းလာဆိုပေးတဲ့ နွေလကိုလဲ ကျေးဇူးတင်ပါတယ်.. နောက်နှစ်တွေမှာလဲ လာဆိုပေးပါဦးလို့ ဖိတ်ခေါ်ပါတယ် :D

ချစ်တဲ့သူနဲ့ နှစ်တစ်ရာတိုင်ပေါင်းဖက်နိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ် :)

စံပယ်ချို said...

ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာထိ
ချစ်နိုင်ကြပါစေရှင်